ဒီနေ့ပြောပြပေးသွားမှာကတော့ Search Engine အကြောင်းဖြစ်ပါတယ်။

Search Engine ဆိုတာ အင်တာနက်ပေါ်က အကြောင်းအရာတွေကို ရှာဖွေဖို့အတွက် အသုံးပြုတဲ့ Robot ဖြစ်ပါတယ်။ ကျနော်တို့ နေ့စဉ်အသုံးပြုနေတဲ့ Google, Bing, Yahoot! စတဲ့ app တွေက အခမဲ့ အသုံးပြုနိုင်တဲ့ search engine တွေပဲ ဖြစ်ပါတယ်။

ဒါဆို Search Engine တစ်ခုရဲ့ အလုပ်လုပ်ပုံကို လေ့လာကြည့်ရအောင်

Crawling – အင်တာနက်ပေါ်မှာရှိတဲ့ website တွေကို စစ်ဆေးပေးပြီး သုံးစွဲသူတွေ ရှာဖွေလိုက်တဲ့ အကြောင်းအရာအလိုက် အထောက်အပံ့ပေးနိုင်အောင် စုဆောင်းပေးတာ ဖြစ်ပါတယ်

Indexing – စုဆောင်းထားတဲ့ အချက်အလက်တွေကို အစီအစဉ်တကျ သိမ်းဆည်းပေးပါတယ်။ ဒါ့အပြင် website စာမျက်နှာတွေရဲ့ အကြောင်းအရာကိုလည်း စိစစ်ပါတယ်။

Searching – သုံးစွဲသူတွေရဲ့ ရှာဖွေတဲ့အကြောင်းအရာတွေကို လက်ခံပြီး၊ ရှာဖွေလိုတဲ့အကြောင်းအရာအလိုက် သိလိုတဲ့အရာတွေကို ကူညီပေးပါတယ်။

Ranking – ရှာဖွေထားတဲ့ အကြောင်းအရာတွေကို အဆင့်လိုက် ပေါ်ထွက်လာဖို့ အခြေခံအချက်တွေကို သတ်မှတ်ပေးပါတယ်။

Search Engine တွေက သုံးစွဲသူတွေရဲ့ ရှာဖွေလိုတဲ့အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ ပေးစွမ်းနိုင်အောင် ကူညီထောက်ပံ့ပေးပါတယ်။

Search Engine မှာ အကြောင်းအရာတွေကို ရှာဖွေနည်း။

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်ပါတယ်။

ဥပမာ electronics filetype ကို ရှာချင်ရင် electronics filetype:pdfလို့ ရိုက်ထည့်ပြီးရှာလို့ရပါတယ်။

၂။ တကယ်လို electronic စာလုံးပေါင်းမသိဘူးဆိုရင် electroni*s လို့ ရိုက်ထည့်ပြီးလည်းရှာနိုင်ပါတယ်။

၃။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာကို အတိအကျ ရဖို့အတွက်ဆ်ုရင် “ open/close invited cons” ကို အသုံးပြုပြီး ရှာဖွေနိုင်ပါမယ်။

ဥပမာပြောရရင် “I am student”ဆိုပြီး” “သုံးပြီးရှာနိုင်ပါတယ်။

၄။ မိမိရှာဖွေလိုတဲ့ website ကို Google ကနေ အသုံးပြုပြီး ရှာမယ်ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် စကားလုံးတိုင်းက ရှာဖွေမှုတိုင်းအတွက် အရေးပါပါတယ်။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်မယ်ဆ်ိုရင် ရှာဖွေမှုရလဒ် မတူညီနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အကြောင်းအရာတွေကို ရှာဖွေတဲ့အခါ စကားလုံး ရှေ့နောက်အထားအသိုကိုလည်း မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

ဥပမာအားဖြင့်ပြောပြရရင် blue sky, sky blue အထားအသို နှစ်ခုအပေါ်မူတည်ပြီး ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။