Strengths, Weaknesses, Opportunities, and Threats analysis
SWOT ဆိုတာ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းများအတွက်ဖြစ်စေ၊ အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက်ဖြစ်စေ အားသာချက်များ(Strength)၊ အားနည်းချက်များ(Weakness)၊ အခွင့်အလမ်းများ (Opportunities)၊ ခြိမ်းခြာက်မှုများ(Threats)ကို ဖော်ထုတ်သုံးသပ်ရန်အတွက်ဖြစ်တယ်။ ဥပမာ မိမိကို အွန်လိုင်း အတန်းကနေ သင်ခန်းစာတစ်ခု လေ့လာခိုင်းတယ် ဆိုပါစို့။ သင်ယူဖို့အတွက် မိမိမှာ အားသာချက်ဘာတွေရှိလဲ၊ အတားအဆီးဖြစ်နိုင်မဲ့ အားနည်းချက်ဘာတွေရှိလဲ၊ အခွင့်အလမ်းအနေနဲ့ အလွယ်တကူသုံးနိုင်တဲ့ App/ website တွေသုံးလို့ရတာလား၊ တတ်မြောက်သွားရင် ဗဟုသုတတွေကို လက်တွေ့ အသုံးချနိုင်မှာလား၊ ခြိမ်းခြောက်မှုတွေအနေနဲ့က ဒေတာဖိုးဈေးကြီးတာလား၊ အင်တာနက်ရဖို့ခက်တာလား စတာတွေဖော်ထုတ်ပြီး မိမိကို ပေးအပ်တဲ့ သင်ယူမှုကို အောင်မြင်ဆောင်ဖော်ဆောင်နိုင်ဖို့ SWOT ကိုသုံးနိုင်ပါတယ်။ အားသာချက်များနဲ့ အားနည်းချက်တွေက မိမိလက်တွင်းရှိနေပြီး မိမိဘာသာထိန်းချုပ် နိုင်တယ် ပြောင်းလဲနိုင်တယ်။ အခွင့်အလမ်းများနဲ့ ခြိမ်းခြောက်မှုများက အပြင်ဘက်မှာ ဖြစ်ပေါ်နေသည့်အရာတွေဖြစ်ပါတယ်။ သင်က အခွင့်အလမ်းတွေကို အခွင့်ကောင်းယူပြီး ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ပေမဲ့လည်း ဒါတွေကို ပြောင်းလဲလို့မရပါဘူး။
💠ဘာကြောင့် SWOT Analysis လုပ်သလဲ။
သင်လုပ်ဆောင်ရမယ့် အရာအားလုံးကို အောင်မြင်ဖို့ရာအတွက် သင်သိပြီးသားဟု သင်ထင်ကောင်း ထင်နိုင်သော်လည်း SWOT ခွဲခြမ်းစိတ်ဖြာခြင်းက သင့်ကိုယ်သင် နည်းလမ်းသစ်များနှင့် လမ်းကြောင်းသစ်များမှ ကြည့်ရှုရန် တွန်းအားပေးမည်ဖြစ်ပါတယ်။ သင်ရဲ့ အားသာချက်များနှင့် အားနည်းချက်များကို ကြည့်ပြီး ပြင်ပမှာရှိတဲ့ အခွင့်အလမ်းများကို ရယူနိုင်ရန်နှင့် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန် မည်ကဲ့သို့ အသုံးချနိုင်သည်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
SWOT Analysis က တစ်ဦးချင်းစီအတွက် မိမိလုပ်နိုင်စွမ်းကိုအကဲဖြတ်ရန်၊ အားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်ရန်နဲ့ သင့်လျော်သောဖြေရှင်းနည်းများကို အကဲဖြတ်နိုင်ရန် အထောက်အကူ ပြုပါတယ်။ SWOT ခွဲခြမ်းစိတ်ဖြာနည်းသည် မိမိ၏အားသာချက်၊ အားနည်းချက်များကို သိမြင် နိုင်စေပြီး အခွင့်အရေးများရယူတတ်စေရန်နှင့် ခြိမ်းခြောက်မှုများကို ကြိုတင်ပြင်ဆင်ပြီး ပြောင်းလဲနိုင်ရန် ကူညီပေးသောနည်းလမ်းကောင်း ဖြစ်ပါတယ်။ ထို့အပြင် အားနည်းချက်များကိုလည်း အားသာချက်ဖြစ်အောင် ပြောင်းယူနိုင်ပြီး ခြိမ်းခြောက်မှုများကိုလည်း အခွင့်အရေး အဖြစ် တတ်နိုင်သမျှ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – မိမိကို မိဘတွေက အွန်လိုင်းသင်တန်းတွေ တက်ဖို့ပြောလာတယ် ဆိုပါဆို့ ဒါကို SWOT နဲ့ ခွဲ့ခြမ်းစိတ်ဖြာကြည့်ကြရအောင်
🛑သင့်အားသာချက်အနေနဲ့
🛑သင့် အားနည်းချက်အနေနဲ့
🛑အခွင့်အလမ်းများအနေနဲ့